လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ ဆိတ်ဖူးတောင်တောရကျောင်း သမိုင်းဖြစ်စဉ်အကျဉ်း

ဆိတ်ဖူးတောင် တောရကျောင်းတိုက်ကြီးကို ( ၁၉၃၀ )ခုနှစ်တွင် ဘုန်းတော်ကြီး ဦးသီလကစတင်တည်ထောင်တော်မူခဲ့သည်။ ဘုန်းတော်ကြီး ဦးသီလ သည် ဆိတ်ဖူးတောင်၌် ( ၅ )၀ါတိုင်အောင် သီတင်းသုံးတော်မူခဲ့ပြီးနောက် ဒုတိယမြောက် အမွေဆက်ခံသူအဖြစ် ဘုန်းတော်ကြီး ဦးဇ၀န၊တတိယမြောက် အမွေဆက်ခံသူအဖြစ် ဘုန်းတော်ကြီး ဦးကေတု တို့ ဖြစ်သည်။ ဘုန်းတော်ကြီး ဦးကေတု လက်ထက်တွင် ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် နယ်မြေအေးချမ်းသာယာမူမရှိ၍ ၁၉၄၉ ခုနှစ်(ခန့်မှန်း)တွင် ကျိုက်ထိုမြို့ ပေါ်သို့  ပြောင်းရွှေ့ ပြီး ရွှေဘုံသာဘုရားအနီး၌ မြို့ ဆိတ်ဖူးတောင်ကျောင်းတိုက်ကို တည်ထောင်ခဲ့ပါသည်။ ၁၉၄၉ ခုနှစ်မှ ၁၉၇၉ ခုနှစ်တိုင်အောင် နှစ်ပေါင်းသုံးဆယ်နီးပါး အစောင့်အရှောက်ကင်းမဲ့နေသော ဆိတ်ဖူးတောင်တောရကျောင်းတိုက်ကြီးသည် အလုံးစုံ ပျက်စီးယိုယွင်းလျှက်ရှိနေပြီး ထိုအချိန်တွင် ဆိတ်ဖူးတောင်တောရကျောင်းတိုက်ကြီး၏ စတုတ္တမြောက် ဆရာတော်အဖြစ် ဘဒ္ဒန္တ ဇောတိကမထေရ်က အသစ်တဖန် ပြန်လည်ပြုပြင်တည်ထောင်ပါသည်။ ၁၉၈၁ ခုနှစ်တွင် ဆရာတော် ဘဒ္ဒန္တဇောတိက သည် ကရင်၊ကယား၊ပဒေါင်၊ရှမ်း အစရှိသော မိဘမဲ့ တိုင်းရင်းသားကလေးငယ် ( ၃၀ )ဦးခန့် ကိုစုစည်းပြီးပရဟိတ ဂေဟာ အဖြစ်စတင် တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ်တွင် ဆိတ်ဖူးတောင် လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ တတိယအဆင့် ဂေဟာအဖြစ် လူမူဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားပါသည်။ ဆိတ်ဖူးတောင် လူငယ်ဖွံဖြိုးရေးဂေဟာသည် မွန်ပြည်နယ်၊ကျိုက်ထိုမြို့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ သွားသည့် ကားလမ်းနံဘေး ကျိုက်ထိုမြို့ နှင့် ( ၁ )မိုင်ခန့်  သာကွာဝေးသော သာသနာ့မြေပေါ်တွင် တည်ရှိပါသည်။မြေဧရိယာ အကျယ်အ၀န်း ( ၁၄.၈၈ )ဧကရှိပါသည်။ ၂၀၀၄ ခုနှစ်တွင် ဆရာတော် ဘဒ္ဒန္တ ဇောတိကကို နိုင်ငံတော်က မဟာသဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓမ္မ ဇောတိကဓဇ ဘွဲ့ တော်ဆပ်ကပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် အဂ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဂ္ဂမဟာသဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓမ ဇောတိကဓဇ ဘွဲ့ တော် ထပ်မံဆပ်ကပ်လူဒါန်းခဲ့ပါသည်။ ယခုအခါ ဆရာတော် သည်တိုင်းရင်းသား၊တိုင်းရင်းသူ မိဘမဲ့ကလေး ( ၆၀၀ ) ကျော်နှင့်အတူကျန်းမာပျော်ရွှင်စွာ ပညာရေး ၊ လူမူရေး ၊ သာသနာရေး ကိစ္စများ ဆောင်ရွက်လျှက်ရှိပါသည်။













Ronald Smith

3

Ronald Smith

3

Ronald Smith

3

Ronald Smith

3

Ronald Smith

3

Ronald Smith

3

Ronald Smith

3

Ronald Smith

3